Managing Director statement

မန်နေးဂျင်းဒါရိုက်တာ၏ နှုတ်ဆက်စကား

Alpha Power ကုမ္ပဏီအား မြန်မာနိုင်ငံအတွက် ပိုမိုကောင်းမွန်သော လျှပ်စစ်အခြေခံ အဆောက်အအုံများ ဆောက်လုပ်နိုင်ရန်အတွက် လွန်ခဲ့သည့် ၁၀ နှစ်ခန့်က စတင်တည်ထောင်ခဲ့ပါသည်။ ယခုတွင် Alpha Power ၏ customer များသည်ကုမ္ပဏီ၏ ထုတ်ကုန်များနှင့် အင်ဂျင်နီယာဆိုင်ရာ ဝန်ဆောင်မှုများအား အသုံးပြုခြင်းဖြင့် နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများအား ပိုမိုကောင်းမွန်စွာဆောင်ရွက်နိုင်ရန်နှင့် လက်ရှိတွင် အမျိုးသားလျှပ်စစ်ဓါတ်အားရရှိရေးစီမံကိန်း (NEP) အား ဖြစ်မြောက်စေရန် ကူညီဆောင်ရွက်ပေးလျက် ရှိသည်။ ဤကဲ့သို့ သော နိုင်ငံတော်တိုးတက်ရေး လုပ်ငန်းစဥ်များတွင် ကုမ္ပဏီ၏ ကျွမ်းကျင်သူများ နှင့်အတူ တစ်စိတ်တစ်ပိုင်းအားဖြင့် ပါ၀င်နိုင်ခြင်းအပေါ် Alpha Power အနေဖြင့် ၀မ်းမြောက်ဂုဏ်ယူမိပါသည်။

ကုမ္ပဏီအနေဖြင့် customer များအတွက် ပိုမိုစိတ်ချလုံခြုံသော၊ တီထွင်ဖန်တီးနိုင်သော၊ အကောင်းဆုံးသော ထုတ်ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအား ထုတ်လုပ်ရောင်းချနိုင်ရန်အတွက် အရည်အသွေးပိုင်းဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ပိုမိုကတိကဝတ်ပြုခြင်းများကို ပြုလုပ်မည်မဟုတ်ပါ။ ထို့ကြောင့် Alpha Power သည် နိုင်ငံတကာကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တက်နိုင်သမျှ အကောင်းမွန်ဆုံးသော ထုတ်ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအား တိုင်းပြည်အတွက် ထောက်ပံ့နိုင်ရန် ဆုံးဖြတ်ခဲ့သည်။ ရလဒ်အနေဖြင့် ကုမ္ပဏီဝန်ထမ်းများ၏ အရည်အသွေးများ ပိုမိုတိုးတက်လာနိုင်စေရန် များစွာသော ရင်းနှီးမြှုပ်နှံမှုများအား စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိသည်။

မြန်မာပြည်တွင် စီးပွားရေးလုပ်ငန်းများအား တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ လုပ်ကိုင်ခြင်းသည် စိန်ခေါ်မှုတစ်ခု ဖြစ်သော်လည်း Alpha Power ၏ လုပ်ဆောင်ချက်များသည် ဖော်ပြပါ မျှော်မှန်းချက်၊ Mission နှင့် တန်ဖိုးများ ဖြင့် ကိုက်ညီရန်ဆောင်ရွက်လျက်ရှိသည်။ ထိုကဲ့သို့ပင် လာဘ်ပေးလာဘ်ယူခြင်းဆိုင်ရာ စည်းကမ်းချိုးဖောက်မှုများအတွက် zero-tolerance ချည်းကပ်ခြင်းအား လက်ကိုင်ထား‌ ဆောင်ရွက်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းများအား တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ လုပ်ဆောင်လျက်ရှိသည်။

ယခုတွင် Alpha Power ဝန်ထမ်းများအနေဖြင့် မြန်မာပြည်အနှံ့ ကုမ္ပဏီ၏ထုတ်ကုန်ပစ္စည်းများအား ဖြန့်ဖြူးရောင်းချလျက်ရှိပြီး customer ၃၀၀ ကျော်အား ဝန်ဆောင်မှု‌ပေးလျက်ရှိသည်။ Alpha Power ၏ ပရောဂျက် ၁၂ ခုသည် မကြာမီအချိန်တွင် ပြီးဆုံးမည်ဖြစ်ပြီး အဆိုပါ ပရောဂျက်မှ ရလဒ်များအနေဖြင့် လူထောင်ပေါင်းများစွာအား ကောင်းသောအကျိုးသက်ရောက်မည်ဖြစ်သည်။ ကုမ္ပဏီ၏ မန်းနေးဂျင်းဒါရိုက်တာတစ်ယောက်အနေဖြင့် ကုမ္ပဏီဝန်ဆောင်မှုများအတွက် customer စိတ်ကျေနပ်မှု ၈၅% ရရှိခြင်းအတွက် ဝမ်းသာပီတိဖြစ်ရပြီး အဆိုပါရလဒ်သည် ကုမ္ပဏီအနေဖြင့် ဝန်ထမ်းများအား လေးစားလိုက်နာမှုရှိသော လုပ်ငန်းခွင်တစ်ခုအဖြစ်တည်ဆောက်နိုင်ရန်အတွက် ရည်ရွယ်ခဲ့သည့်အတိုင်း လုပ်ဆောင်ခဲ့ခြင်း၏ ရလဒ်တစ်ခုဖြစ်သည်။ Alpha Power သည် မြန်မာပြည်ရှိ Business Coalition for Gender Equality ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည့်အလျောက် အင်ဂျင်နီယာကုမ္ပဏီတစ်ခုဖြစ်သော်လည်း တန်းတူညီမျှမှုရှိသော ကုမ္ပဏီတစ်ခုဖြစ်သည်။ ပွင့်လင်းမြင်သာမှူကို အခြေခံသော Corporate Governance သည် မလွယ်ကူသော်ငြား BOD အဖွဲ့ဝင်များ၏ ယုံကြည်ချက်နှင့် မိမိတို့အားလုံး၏ စွမ်းအားဖြင့် အနာဂါတ်တွင် အကောင်းမွန်ဆုံး ဆောင်ရွက်သွားမည်ကို အာမခံကာ ကတိပြုအပ်ပါသည်။

သက်စံ, ကုမ္ပဏီတည်ထောင်သူနှင့်မန်းနေးဂျင်းဒါရိုက်တာ