Quality Management

ထုတ်ကုန်ဝန်ဆောင်မှုများ၏အရည်အသွေး

အရည်အသွေးမပြည့်မှီသော လျှပ်စစ်ပစ္စည်းများ သုံးစွဲခြင်းသည် များစွာသော ဆိုးကျိုးများအား ဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် Alpha Power အနေဖြင့် ကုန်ပစ္စည်းများ၏အရည်အသွေးများအား ထိန်းသိမ်းခြင်းသည် ပဓာနကျသော လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။

  • ကုမ္ပဏီအနေဖြင့် ISO 9001:2015 အား လိုက်နာသည့်အတွက် ကုမ္ပဏီလုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ်တိုးတက်အောင် လုပ်ဆောင်ရန်လိုအပ်ပါသည်။ ကုမ္ပဏီအနေဖြင့် Clients များအား ပေးအပ်ထားသော ကတိကဝတ်များကို ထိခိုက်လာစေနိုင်မည့် ဆုံးရှုံးနိုင်ခြေများကိုလည်း ထည့်သွင်းစဉ်းစားလျက်ရှိသည်။
  • သက်ဆိုင်ရာ လုပ်ငန်းခွင်များတွင်လည်း ကုမ္ပဏီ၏ဝန်ထမ်းများအနေဖြင့် Protective Personal Equipment (PPE) အား ဝတ်ဆင်ရန်နှင့် ကုမ္ပဏီဝန်ဆောင်မှုများ၏ အရည်အသွေးများအား ထိန်းသိမ်းရန်အတွက် ပိုမိုသေချာအောင် လုပ်ဆောင်လျက်ရှိသည်။
  • ကုမ္ပဏီအနေဖြင့် ဝန်ဆောင်မှုများ၊ ထုတ်ကုန်များအား ဝယ်ယူသူများသို့ ရောင်းချသည့်အခါ ၄င်းတို့၏ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် အလေးပေးလုပ်ဆောင်လျှက်ရှိသည်။ ကုမ္ပဏီ၏ Brand reputation အား ကာကွယ်နိုင်ရန်အတွက် customers များ၏ မှတ်ချက်များအား မှတ်တမ်း ပြုစုထိန်းသိမ်းလျက်ရှိသည်။
  • Alpha Power ကုမ္ပဏီ၏ ‌ရောင်းချသည့်ပစ္စည်းများသည် လုံခြုံစိတ်ချရသော ပစ္စည်းများ သာဖြစ်သော်လည်း စျေးကွက်အတွင်းရရှိနိုင်သော ပုံစံတူပစ္စည်းအတုများသည် များစွာသော ဆိုးကျိုးများအား ဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့် Alpha Power အနေဖြင့် ဝယ်ယူသူများအား အာမခံနိုင်သည်မှာ ကုမ္ပဏီမှရောင်းချသော ပစ္စည်းများသည် အာမခံချက်ရှိပြီး ကုမ္ပဏီ၏ ကျွမ်းကျင်သူများအနေဖြင့်လည်းဝယ်သူအပေါ် သင့်တော်သည့် ပစ္စည်းအမျိုးအစားများအား အကြံဉာဏ် ပေးသွားမည်ဖြစ်သည်။

ကုမ္ပဏီအနေဖြင့် ဝယ်ယူသူများ၏ လိုအပ်ချက်များနှင့် ကိုက်ညီသော ဝန်ဆောင်မှုများအား ပေးနိုင်ရန် စီးပွားဖက်ကုမ္ပဏီများ၏ လုပ်ဆောင်ချက်များအား စဉ်ဆက်မပြတ်လေ့လာစမ်းစစ်လျက်ရှိသည်။ ကုမ္ပဏီ၏ လုပ်ဆောင်ချက်များအား ပိုမိုအရည်အသွေးကောင်းမွန်အောင် လုပ်ဆောင်နိုင်ရန်အတွက် သုံးစွဲသူ၏စိတ်ကျေနပ်မှုနှုန်းကိုလည်း စဉ်ဆက်မပြတ် တိုင်းတာလျက်ရှိသည်။

✓ဘဏ္ဍာနှစ် ၂၀၂၀/၂၁ ခုနှစ်အတွင်း သုံးစွဲသူစိတ်ကျေနပ်မှုနှုန်း ၈၅% ရရှိခဲ့ပြီး အဆိုပါရလဒ်သည် ဘဏ္ဍာနှစ် ၂၀၁၉-၂၀၂၀ ခုနှစ်ထက် ၅ မှတ်ပိုမိုမြင့်တက်ခဲ့သည်။
✓ဘဏ္ဍာနှစ် ၂၀၂၀/၂၁ ခုနှစ်အတွင်း customer complaint ၂ ခုရရှိခဲ့ပြီး ဘဏ္ဍာနှစ် ၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း ၃ ခုရရှိခဲ့သည်။
✓ဘဏ္ဍာနှစ် ၂၀၂၀/၂၁ နှင့် ၂၀၁၉-၂၀၂၀ ခုနှစ်များအတွင်း လုပ်ငန်းခွင်နှင့်ပတ်သက်သည့် မတော်တဆဖြစ်ပွားမှု မရှိခဲ့ပါ။