Corporate policies

ကော်ပိုရိတ် မူဝါဒများ

ကုမ္ပဏီဘုတ်အဖွဲ့အနေဖြင့် ကုမ္ပဏီမှ ချမှတ်ထားသော မူဝါဒများအား အကောင်အထည်ဖော်ဆောင်ရေးနှင့် ပြန်လည်လေ့လာဆန်းစစ်ရန် တာဝန်ရှိသည်။ ထို့အပြင် Alpha Power သည် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် တာဝန်ကျေပွန်သော ကော်ပိုရိတ်ကုမ္ပဏီတစ်ခုဖြစ်သည့်အတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများမှ ချမှတ်ထားသောစည်းကမ်းများ၊ နည်းဉပဒေများအားလေးစားလိုက်နာလျက် ရှိသည်။

Alpha Power သည် အောက်ဖော်ပြပါ စည်းမျည်းများအား လေးစားလိုက်နာလျက်ရှိသည်။

ကုမ္ပဏီအနေဖြင့် အောက်ဖော်ပြပါ မူဝါဒများအား လိုက်နာလျက်ရှိသည်။

  • ကုမ္ပဏီ၏ Code of Conduct အား လက်ခံကျင့်သုံးရန် ၂၀၂၀ ခုနှစ်တွင် အတည်ပြုခဲ့ပါသည်။
  • စီးပွားရေးလုပ်ငန်းဆိုင်ရာ ယှဉ်ပြိုင်မှုများတွင်လည်း တရားမျှတသော ယှဉ်ပြိုင်မှုများကိုသာ အားပေးလုပ်ဆောင်လျက်ရှိပြီး မျှတမှုမမှရှိသော စျေးကွက်ဆိုင်ရာအကျိုးအမြတ်များရရှိနိုင်သည့် မည်သည့်ယှဉ်ပြိုင်မှုမျိုးတွင်မှ ပါဝင်ယှဉ်ပြိုင်မည်မဟုတ်ပါ။
  • ကုမ္ပဏီ၏ Employee Handbook တွင် ၀န်ထမ်းများ လိုက်နာရန် လုပ်ငန်းတွင်းချမှတ်ထားသော စည်းမျဥ်း၊စည်းကမ်းများ နှင့် ဆုံးဖြတ်ချက် ချမှတ်ရမည့် အခြေခံအချက်များအား ဖော်ပြထားသည်။ Alpha Power သည် Business Coalition for Gender Equality ၏ အသင်းဝင်ကုမ္ပဏီတစ်ခုဖြစ်သည့်အတွက် ဝန်ထမ်းများအား တန်းတူလေးစားမှု ရှိသော လုပ်ငန်းခွင်တစ်ခု အဖြစ် သေချာစေရန် တန်းတူညီမျှမှုဆိုင်ရာ နည်းဉပဒေများအား ပြန်လည် ဆန်းစစ်လျက်ရှိသည်။

ကုမ္ပဏီမှ သတ်မှတ်ချက်များအား လိုက်နာမှုမရှိပါက မည်သူမဆို contact us ကို အသုံးပြု၍ တိုင်ကြားမှုများပြုရန် တိုက်တွန်းထားသည်။