-
About UsTo inform. To inspire. To ignite change for the common good.
-
About UsTo inform. To inspire. To ignite change for the common good.
စီးပွားဖက်ကုမ္ပဏီများ
ဝယ်ယူသူများအတွက် ပိုမိုကောင်းမွန်သော ကမ္ဘာ့အဆင့်မှီ ထုတ်ကုန်များနှင့် လျှပ်စစ်ဆိုင်ရာ ပစ္စည်းများအား ထောက်ပံ့ပေးနိုင်ရန်အတွက် နိုင်ငံတကာအသိအမှတ်ပြု ကုမ္ပဏီများများစွာနှင့် မိတ်ဖက်အဖြစ်လုပ်ဆောင်ခဲ့ သည်။
LS Electric သည် သာယာကောင်းမွန်သည့် ပျော်ရွှင်ဖွယ်ဘဝများအတွက် အာ့မခံချက်ပေးနိုင်သည့် ခေတ်မှီဆန်းသစ်၍ လုံခြုံစိတ်ချရသော လျှပ်စစ်ပစ္စည်းများကို ထုတ်လုပ်ဖြန့်ချီပေးသည့် ကိုရီးယားထိပ်တန်းထုတ်လုပ်ဖြန့်ဖြူးရေး ကုမ္ပဏီတစ်ခုဖြစ်သည်။ Alpha Power Engineering အနေဖြင့် LS Electric အမှတ်တံဆိပ် လျှပ်စစ်ပစ္စည်းများကို တရားဝင်ကိုယ်စားလှယ် အဖြစ် ဖြန့်ဖြူးရောင်းချပေးသော ကုမ္ပဏီတစ်ခုဖြစ်ပါသည်။
အကျိုးရလဒ် – လုံခြုံစိတ်ချရသော စွမ်းအင်များအား ထောက်ပံ့ပေးနိုင်ရန် အတွက် အဆင့်မြင့်နည်းပညာများအား သုံးစွဲနိုင်ခြင်း။
CEWE Instrumentအမှတ်တံဆိပ်များသည် စွမ်းအင်တိုင်းတာသည့် စီးပွါးရေးလုပ်ငန်းများတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ကျော်ကတည်းက စတင်တည်ရှိခဲ့ပြီး နိုင်ငံပေါင်း ၆၀ ကျော်တွင် တပ်ဆင်အသုံးပြုလျက်ရှိပါသည်။ Alpha Power Engineering သည် CEWE အမှတ်တံဆိပ်ပစ္စည်းများဖြစ်သော လျှပ်စစ်စွမ်းအားတိုင်းတာသည့် ပစ္စည်းများ၊ sensors များ နှင့် စွမ်းအင်ထိန်းသိမ်းရေးဆိုင်ရာ စနစ်များကို တပ်ဆင်ပေးခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်းများကို လုပ်ကိုင်လျက်ရှိသည်။
အကျိုးရလဒ် – လျှပ်စစ်စွမ်းအင်သုံးစွဲမှုကို တိုင်းတာခြင်းအားဖြင့် လျှပ်စစ်သုံးစွဲသည့် ကုန်ကျစရိတ်များအား လျော့ချနိုင်ရန်ကူညီပေးနိုင်ခြင်း။
SECUREသည် မိမိတို့ ၏ စွမ်းအင်သုံးစွဲမှုအား အမှန်တကယ်ခြားနားမှုများကို သိရှိနိုင်ပြီး လျှပ်စစ်စွမ်းအားသုံးစွဲမှုကို သိရှိထိန်းချုပ်နိုင်ရန်အတွက် တိုင်းတာသည့် ကိရိယာများကို ဖန်တီးပေးထားပါသည်။ Customers များ ၏ နေ့စဉ်လျှပ်စစ် ဓါတ်အားသုံးစွဲမှုကို သိရှိတိုင်းတာနိုင်ရန် Digital Panel Meter အမျိုးမျိုး ကိုဖြန့်ဖြူးပေးနေပါသည်။
အကျိုးရလဒ် – စီးပွားရေးလုပ်ငန်းများ၏ စွမ်းအင်သုံးစွဲမှုများ တိုင်းတာ ထိန်းချုပ်နိုင်ရန်အတွက် အကျိုးရှိသောတိုင်းတာသည့် ကိရိယာများကို အသုံးပြုနိုင်ခြင်း။
သက်တမ်း 150 နှစ်ရှိ ဂျာမနီနိုင်ငံတွင် အခြေစိုက်သော MR သည် ကမ္ဘာ့အကောင်းဆုံး Onload Tap Changer များ ၊ ဆက်စပ်ပစ္စည်းများ နှင့် Solution များကို ကမ္ဘာ့ နိုင်ငံများသို့ ကျေနပ်အောင်ပို့ဆောင်ပေးနေသည့် ကုမ္ပဏီတစ်ခုဖြစ်ပါသည်။
အကျိုးရလဒ် – ဟာ့ဒ်ဝဲနှင့် ဆော့ဖ်ဝဲလ်နှစ်ခုလုံးတွင် ဆန်းသစ်တီထွင်ထားသော ဒီဇိုင်းများကို အသုံးပြု၍ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ၏ ယုံကြည်စိတ်ချရမှု၏ အမြင့်ဆုံးစံနှုန်းကို ရရှိနိုင်ခြင်း။
CTE TECHသည် ကိုရီးယားကုမ္ပဏီ တစ်ခုဖြစ်သည်။ ကုမ္ပဏီအနေဖြင့် အခြေခံအဆောက်အအုံဝန်ဆောင်မှုများ၊ အများပြည်သူဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများနှင့်Power plants အစရှိသည့် အမျိုးမျိုးသောစီးပွားရေးလုပ်ငန်းများအတွက် အသုံးပြုနိုင်သည့် စွမ်းအင်ထိန်းချုပ်မှုများနှင့်စပ်လျဉ်းသည့် အရည်အသွေးမြင့် ပစ္စည်းကိရိယာများအား ဖြန့်ဖြူးရောင်းချလျက်ရှိသည်။
အကျိုးရလဒ် – အလွန်အရေးပါသော assets များနှင့် systems များ လုပ်ဆောင်နိုင်ရန်အတွက် ယုံကြည်စိတ်ချရသော ထုတ်ကုန်များကို အသုံးပြုနိုင်ခြင်း။
COMMAXသည် ပိုမိုလုံခြုံစိတ်ချ ကောင်းမွန်သော Smart Home နှင့် လုံခြုံရေးစနစ် ဖန်တီးမှုများကို အထူးဝန်ဆောင်မှုပေးသည့် ကိုရီးယားကုမ္ပဏီတစ်ခုဖြစ်သည်။ APE သည် မြန်မာနိုင်ငံအတွင်း COMMAX ၏ တရားဝင်ကိုယ်စားလှယ် အနေဖြင့် ဖြန့်ဖြူးရောင်းချပေးနေသော ကုမ္ပဏီ ဖြစ်ပါသည်။
အကျိုးရလဒ် – နေအိမ်နှင့် ရုံးခန်းများအတွက် အသုံးပြုသည့် နည်းပညာများအား လွယ်ကူစွာဖြင့် လုံခြုံစိတ်ချမှုပေးနိုင်သည့်နိုင်ငံတကာ အဆင့်မှီ system များအား ထောက်ပံ့ပေးနိုင်ခြင်း။

Safeguard သည် အရေးပေါ်အချိန်တွင် အလိုအလျောက်အလင်းများ ထုတ်လွှတ်ပေးနိုင်သည့် ကုန်ပစ္စည်းများအား ရောင်းချသည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။ ဝယ်ယူသူများ၏ လိုအပ်ချက်များအား တိုင်းတာပေးနိုင်သည့် အပြင် ဝယ်ယူသူများ၏ မျှော်မှန်းချက်များနှင့်ကိုက်ညီသည့် ကိရိယာများကိုလည်း ထောက်ပံ့ပေးနိုင်ပါသည်။
အကျိုးရလဒ် – အလိုအလျောက်အချက်ပြ အလင်းစနစ်များ ထုတ်လုပ် ပေးသည့် ကုန်ပစ္စည်းများ အပေါ်ဝယ်ယူသူများ စိတ်ချ ယုံကြည်နိုင်သည့် ခံစားမှုရရှိစေခြင်း။