Expertise

ကျွမ်းကျင်မှု

Alpha Power သည် မြန်မာပြည်တွင် ပိုမိုကောင်းမွန်သော လျှပ်စစ်အခြေခံ အဆောက်အအုံများ တည်ဆောက်နိုင်ရန်အတွက် ၄င်း၏ clients များအား ကူညီပံ့ပိုး‌ပေးလျက်ရှိသည့် အင်ဂျင်နီယာ၊ ဆောက်လုပ်ရေး နှင့် ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။ အောက်ဖော်ပြပါအချက်များသည် ကုမ္ပဏီ၏ ကျွမ်းကျင်စွာဆောင်ရွက်နိုင်မှုများအား တစ်စိတ်တစ်ဒေသဖော်ပြထားခြင်းဖြစ်သည်။

  • Alpha Power အနေဖြင့် မြန်မာပြည်တွင် ဆိုင်ခွဲ ၃ ခုထားရှိပြီး ကုမ္ပဏီဝန်ထမ်းများ ၏ဆောင်ရွက်မှုဖြင့် နေရာအနှံ့ရှိ မည်သည့်ပရောဂျက်များကိုမဆို လုပ်ဆောင်ပေးလျက်ရှိသည်။
  • လွန်ခဲ့သည့် လများတွင် ကုမ္ပဏီအနေဖြင့် ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပဲခူးနှင့် မကွေးမြို့များတွင် ပရောဂျက်များ လုပ်ကိုင်ခဲ့သည်။
  • စွမ်းအင်နှင့်ပတ်သက်သည့် ပရောဂျက်များအတွက် ပိုမိုကောင်းမွန်သော ဖြေရှင်းချက်များထောက်ပံ့ပေးနိုင်ရန် ကုမ္ပဏီတွင်ကျွမ်းကျင်သည့် အင်ဂျင်နီယာများနှင့် မန်နေဂျာ များ အဓိကလိုအပ်သည်။
  • ကုမ္ပဏီသင်တန်းများ၏ ၅၄% သည် ဝန်ထမ်းများ၏ အရည်အသွေးတိုးတက်ရန် ဖြစ်ပြီး clients များအား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ပေးစွမ်းနိုင်ရန်ဖြစ်သည်။
  • Alpha Power တွင် လျှပ်စစ်အခြေခံစက်ပစ္စည်းတပ်ဆင်ခြင်းဆိုင်ရာ ဝန်ဆောင်မှုများ ၊အထူးသဖြင့် substations, transmission & distribution နှင့် power generation တို့အတွက် ဆောင်ရွက်ခဲ့သော လုပ်ငန်းအတွေ့ကြုံ မှတ်တမ်းများစွာ ရှိသည်။
  • Marga Landmark မှ ဖန်တီးခဲ့သည့် ရန်ကုန်မြို့တွင်းရှိ အထင်ကရ အိမ်ရာစီမံကိန်း ဖြစ်သော The Central အား တည်ဆောက်ရာတွင် Alpha Power မှ ဆန်းသစ်သော ဖြေရှင်းမှုနည်းပညာများဖြင့် ၀န်ဆောင်မှုများပေးခဲ့သည်။
  • Alpha Power အနေဖြင့် အမျိုးမျိုးသော ပရောဂျက်များ (ဉပမာ – မြန်မာကျပ် ၁၀၀ မီလီယံအောက် ပရောဂျက်ငယ်များနှင့် မြန်မာကျပ် ၁ ဘီလီယံထက်များသော ပရောဂျက်ကြီးများ) ကို လုပ်ဆောင်ခဲ့သည့် အတွေ့အကြုံကောင်းများရှိသည်။
  • ကုမ္ပဏီအနေဖြင့် အစိုးရနှင့် ပုဂ္ဂလိက ပရောဂျက် ၂ မျိုးစလုံးအား အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့သည့် အတွေ့အကြုံများလည်းရှိသည်။